0

(၂) မိန်းကလေး ၏အသက်

Posted by an@w on 2:56 AM in
မြန်မာဓလေ့ထုံးတမ်းဥပဒေ အရတရားဝင် အတည်ဖြစ်သည့် ထိမ်းမြားမှု မြောက်စေရန် မှာ
(၁) အသက် (၁၄)နှစ်ထက်မငယ်ရပါ
(၂) အသက် (၁၄)နှစ် နှင့် (၂၀)ကြားဖြစ်ပြီး မုဆိုးမနှင့် တလင်ကွာမဟုတ်လျှင်မိဘ အုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူရပါမည်။ သဘောတူခွင့်ပြုချက်သည် တိုက်ရိုက်(သို့) သွယ်ဝိုက်သည့်နည်းနှင့်ရယူနိုင်ပါသည်။
(၃) မုဆိုးမ၊ တလင်ကွာနှင့် အသက် (၂၀) အထက်အပျိုစင် ဖြစ်လျှင် မိဘအုပ်ထိန်းသူ၏ သဘောတူခွင့်ပြုချက် ရယူရန်မလိုပါ။

0

(၁)ယောက်ျား လေး၏အရွယ်

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်အတည်ဖြစ်သည့် ထိမ်းမြားမှု မြောက်စေရန် ယောက်ျားလေးအတွက် အသက်ကန့်သတ်ချက်မရှိပါ။ မိဘ (သို့) အုပ်ထိန်းသူ၏သဘောတူခွင့်ပြုချက်လည်း ရယူရန်မလိုပါ။ ယောက်ျားလေးတွင် ထိမ်းမြားရေးအတွက် လိုအပ်သည့် ကာယစွမ်းအင်နှင့် ပြည့်စုံရန်သာလိုအပ်ပါသည်။

0
Posted by an@w on 1:05 AM in
ထိမ်းမြားခြင်းသည် အိမ်ထောင်တခု၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ အခြေခံအုတ်မြစ်ဖြစ်သဖြင့် ခိုင်ခံ့ တည်တံ့ရန် လိုအပ်ပါသည်။မြန်မာဗုဒ္ဓဘာသာများအဖို့အချိန်အရွယ်ရောက်ပြီး အိမ်ထောင်ကျ၊ သားသမီးရလာသည်အထိ ကိုယ်၏ အိမ်ထောင်သည် တရားဝင်မ၀င်၊ ၀င်လျှင် ဘာကြောင့် ၀င်ကြောင်း အတိအကျသိသူနည်း ပါလှပါသည်။နည်းရသည့် အကြောင်း မှာပြဋ္ဌာန်းချက်များ ခက်ခဲနက်နဲ၍မဟုတ်ပါ။လွယ်လွန်းသည့်အတွက် သိသလိုနှင့် မသိဖြစ်နေကြပါသည်။
တရားဝင်ဖြစ်သည့်ထိမ်းမြားမှု
(၁)ယောက်ျား လေး၏အရွယ်
(၂) မိန်းကလေး ၏အသက်
(၃) သွေးသားတော်စပ်မှု
(၄) တည်မြဲနေသည့် အိမ်ထောင်ဖက်
(၅) ပဋိညာဉ်ပြုနိုင်သည့် အရည်အချင်း
(၆) ဆန္ဒသဘောထား
(၇) စပ်ယှက်မှု

0

မြန်မာဓလေ့ ထုံးတမ်း ဥပဒေ၏ အရင်းအမြစ်များ

Posted by an@w on 12:54 AM in
မြန်မာဓလေ့ထုံးတမ်းဥပဒေကို အမျိုးအစား(၃)မျိုးခွဲခြားထားပါသည်-
(၁)ဓမ္မသတ်များ
(၂)စီရင်ထုံးများ
(၃)တည်ဆဲမြန်မာဓလေ့ထုံးတမ်းများ
(၁)ဓမ္မသတ်များ
ဓမ္မသတ်မှာ တရားမမှုအတွက်ဖြစ်ပြီး၊ ရာဇသတ်မှာ ပြစ်မှုအတွက်ဖြစ်ခဲ့ပါသည်။ဖြစ်ထုံးမှာ စီရင်ထုံးဖြစ်ပြီး၊ လျှောက်ထုံးမှာ အကြံပေး လျှောက်ထားချက်ဖြစ်ပါသည်။
(၂)စီရင်ထုံးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေသည် အထက်ရုံးများက ချမှတ်ထားသော စီရင်ချက်များကိုအောက်ရုံးက အမှုစီရင်ရာတွင် လိုက်နာကိုးကား ကြရပါသည်။ထိုစီရင်ချက်များကို အောက်ရုံးများက ဆန့်ကျင်စီရင်ခွင့်မရှိပါ။ဆန့်ကျင်စီရင်ခွင့်ကို တန်းတူရုံး (သို့)အဆင့်မြင့်သည့် အထက်ရုံးများတွင်သာရှိပါသည်။
တရားရုံးချုပ် တရားသူကြီးများ ချမှတ်ထားသည့် စီရင်ထုံးကို နောက်တဦးကပယ်ဖျတ်နိုင်စွမ်းမရှိ၊ ပယ်ဖျက်လိုက ခုံရုံးဖွဲ့၍ ပယ်ဖျတ် နိုင်ပါသည်။

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.