0

၂) ဂြိုလ်ပြေနာမ်ပြေ ကွာရှင်းပြတ်စဲခြင်း

မြန်မာဗုဒ္ဓဘာသာများတွင် ဗေဒင်ကိန်းခန်းကို ယုံစားသူများလည်းရှိပါသည်။လင်မယားတဦးဦး မကျန်းမာလျှင်(သို့) စီးပွားရေး အဆင်မပြေလျှင် ဗေဒင်ယုံစားသူများသည် ဗေဒင်မေးလေ့ရှိပါသည်။ဗေဒင်ဆရာက လင်မယားကွဲကန်းကြုံနေသည် ကျိန်းကျေအောင် ယတြာချေသည့်အနေဖြင့် လင်မယား ဟန်ဆောင်ကွာရမည် စသည်ဖြင့် ဟော၍ စတိဖြစ် လင်မယား ဟန်ဆောင်ကွာလျှင် ယင်းကွာရှင်းခြင်းကို ” ဂြိုလ်ပြေနံပြေ ကွာရှင်းခြင်း ” ဟုခေါ်ပါသည်။
ထိုသို့ကွာရှင်းခြင်းသည် ဓမ္မသတ်များတွင် မပါရှိပါ။သို့သော် တရားရုံးများ အနေနှင့် နားလည်လက်ခံပါသည်။
သို့သော် ဟန်ဆောင်ထိမ်းမြားခြင်း အရှက်ပြေထိမ်းမြားခြင်း တို့ကိုမူ ခွင့်မပြုပါ။

0

၁) နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ တရားဝင် လင်မယား မြောက်ရန် အဓိကလိုအပ်ချက်သည် ထမ်းမြားသူနှစ်ဦး၏ ဆန္ဒတူညီမှု ဖြစ်ပါသည်။ထိုနည်းတူ လင်မယားတရားဝင် ကွာရှင်းပြတ်စဲရေးတွင်လည်း လင်နှင့် မယားတို့၏ ဆန္ဒတူညီမှုသည် အဓိက လိုအပ်ချက်ဖြစ်ပါသည်။
ဥပမာ - လင်မယား စကားများပီး အိမ်ကဆင်းသွားသည့် မယားထံ လင်က ဘယ်နေ့ဘယ်ရက် ပြန်မလာရင် မင်းနှင့်ငါ ပြတ်ပြီလို့မှတ်လိုက် ဟုစာရေးပါမည်။မယားကလည်း ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင် မယ်ဆိုပြီး ရှင်ပြတ်လဲ ကျမကလဲပြတ်တာပေါ့ဟု စာပြန်ရေး သည့်ကိစ္စ သည်နှစ်ဦး သဘောတူကွာရှင်းပြတ်စဲရာ မရောက်ပါ။စာမှာ ဒေါသအလျောက် ရေးသားကြောင်း ထင်ရှားလျှင် ကွာရှင်းပြတ်စဲ ခြင်းသည် မခိုင်လုံပါ။
ထို့နည်းတူပင် မိန်းမရူးနေစဉ် ယောက်ျားက ပြတ်စဲလိုကြောင်း စာပေးလျှင်လဲ လင်မယားအရာ မပြတ်နိုင်ပါ။
အကြောင်းမှာ ရူးနေသူသည် ပဋိညာဉ်မပြုနိုင်၍ ဖြစ်ပါသည်။

1

ကွာရှင်းပြတ်စဲခြင်း


ကွာရှင်းပြတ်စဲခြင်း တွင်
၁) နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း
၂) ဂြိုလ်ပြေနာမ်ပြေ ကွာရှင်းပြတ်စဲခြင်း
၃) အိမ်ထောင်ရေးပြစ်ချက်ကြောင့် ကွာရှင်းပြတ်စဲခြင်း
၎) အိမ်ထောင်ရေး ပြစ်ချက်မရှိဘဲ တဖတ်သတ် ကွာရှင်းပြတ် စဲခြင်း
၅) ကံမစပ်၍ ကွာရှင်းပြတ်စဲခြင်း
တို့ ပါဝင်ပါသည်။

0
Posted by an@w on 11:38 PM in


0
Posted by an@w on 11:35 PM in

0

မယားခေါ်လိုမှု

Posted by an@w on 11:05 PM in
မယားခေါ်လိုမှုစွဲကြသည့် အကြောင်းအရင်းမှာ ခေါ်လိုမှုစွဲ၍ နိုင်လျှင် လင်သည် မယားကို အဓမ္မခေါ်ခွင့် ရှိ၍မဟုတ်ပါ။ခေါ်ခွင့်ပြုလျက် လိုက်ပါမနေသည့်မယားကို လင်တွင် မယားစရိတ် ပေးရန် တာဝန်မရှိ၍ ဖြစ်ပါသည်။နောက်တချက်မှာ ယင်းသို့ ခေါ်လိုခွင့် ရထားသည့် လင်နှင့် အဆိုပါမယား တရားဝင်ကွာရှင်းခွင့် မရသမျှ နောက်အိမ်ထောင်ပြုခွင့် မရှိ၍ ဖြစ်ပါသည်။ နောက်အိမ်ထောင် ပြုမိပါက ” ပြစ်မှုဆိုင်ရာ ဥပဒေ ” ပုဒ်မ-၄၉၇ (သို့) ၄၉၉ အရ အရေးယူခံရဘွယ် ရှိသည်ကို သတိထားအပ်ပါသည်။

ကွာရှင်းပြတ်စဲခြင်း
ကွာရှင်းပြတ်စဲခြင်း တွင်
၁) နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း
၂) ဂြိုလ်ပြေနာမ်ပြေ ကွာရှင်းပြတ်စဲခြင်း
၃) အိမ်ထောင်ရေးပြစ်ချက်ကြောင့် ကွာရှင်းပြတ်စဲခြင်း
၎) အိမ်ထောင်ရေး ပြစ်ချက်မရှိဘဲ တဖတ်သတ် ကွာရှင်းပြတ် စဲခြင်း
၅) ကံမစပ်၍ ကွာရှင်းပြတ်စဲခြင်း
တို့ ပါဝင်ပါသည်။

0

မယားစရိတ်

Posted by an@w on 11:04 PM in
ပြစ်မှုကြောင်းနှင့်ဖြစ်စေ၊တရားမကြောင်းနှင့်ဖြစ်စေ မယာစရိတ် တောင်းခံလျှင် ဆိုင်ရာတရားရုံးသည် အောက်ပါ အကြောင်း အချက်တို့ကို အဓိကထားစီစစ်ပါသည်။
၁ ။ အချင်းဖြစ် ဇနီးမောင်နှံမှာ သူတို့နှင့်ဆိုင်သည့် ဥပဒေအရတရားဝင် လင်မယား မြောက်သလား
၂ ။ သူတို့နှစ်ဦးသည် တရားဝင် ကွာရှင်းပြတ်စဲခြင်းရှိသလား၊
၃ ။ မယာဖြစ်သူသည် လင်ဖြစ်သူနှင့် အတူတကွမနေထိုင်က မနေထိုင်ခြင်းအတွက် လုံလောက်သော အကြောင်းရှိသလား၊
၎ ။ လင်ဖြစ်သူတွင် ၀င်ငွေရှိသလား။
၅ ။ မယားဖြစ်သူကို ထောက်ပံ့ရန်ပျက်ကွက်သလား (သို့) ထောက်ပံ့ရန် ငြင်းဆန်နေသလား။
ယင်းအချက်များကို တရားရုံးက စီစစ်ခြင်းမှာ အချင်းဖြစ်လင်မယား နှစ်ဦးနှစ်ဖက်အကျိုးအတွက် ဖြစ်ပါသည်။
လင်ဖြစ်သူအတွက် သူ့တွင် တရားမ၀င်သည့်တာဝန် မကျရောက်စေရန် ဖြစ်ပါသည်။ထိုနည်းတူ မယားဖြစ်သူ အတွက် လင်၏ ချို့ယွင်းမှုကြောင့် လင်နှင့် အတူတကွနေထိုင် ရန်လည်းမဖြစ် ၊ လင်ကိုမှီခိုအားထားရသဖြင့် ကွာရှင်း ပြတ်စဲရန်လည်းမဖြစ် ဆုပ်လဲစူး စားလဲရူး ဆိုသော အဖြစ်မျိုးက ကင်းဝေးစေရန်ဖြစ်ပါသည်။

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.