0

ဟာသလေးများ

Posted by an@w on 11:30 PM in
ရှေ့နေ ။ ။တရားသူကြီးခင်ဗျာ
ကျွှန်တော့အမှုသည်ဟာရိုးတဲ့ အပြင် အတာကပိုပါသေးတယ်
လက်ထိုးပေးရင်တောင်ကိုက်တတ်တဲ့ လူမဟုတ်ပါဘူး
ဒီလိုလူက ဒီပြစ်မှုကိုကျုးလွန်တယ်ဆိုတာလုံးဝ မဖြစ်နိုင်ပါကြောင်း
လျှောက်ထားအပ်ပါတယ်ခင်ဗျာ။
အမှုသည် ။ ။ရှေ့နေကြီးပြောမှပဲ ကျွန်တော်-ကိုယ့် ကိုယ်ကိုယ် ရိုးအမှန်းသိရတာ ဒါနဲ့တောင် ဒီပြစ်မှု ကိုကျုးလွန်ရဲသေးတယ် ကျွန်တော်မိုက်လုံးကြီးတာပါဗျာ

0

ကိုယ်ဝန်ဖျက်ချခြင်း

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ - ၃၂၁ အကြောင်း လေ့လာကြရအောင်ပါ - မည်သူမဆို ကိုယ်ဝန်ဆောင်မိန်းမရဲ့ အသက်ကို ကယ်ဆယ်လိုသောသဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် လုပ်ရင် သုံးနှစ်ထိထောင်ဒဏ် (သို့)ငွေဒဏ်(သို့)နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

0

အစုစပ်လုပ်ငန်း စာချုပ်ချုပ် မည်ဆိုလျှင်


အစုစပ်လုပ်ကိုင်တယ်ဆိုတာ လူအများဟာ မိမိတို့ရဲ့ ပစ္စည်း လုပ်အားနဲ့ ကျွမ်းကျင်မှုတွေကို စုပေါင်းလုပ်ကိုင် ဆောင်ရွက်ရာက ရရှိလာတဲ့ အမြတ် ဝေစုကို ခွဲဝေယူကြစို့ သဘောတူသူ တစ်ဦးနဲ့တစ်ဦး ဆက်ဆံခြင်း ကိုဆိုလိုတာ ဖြစ်ပါတယ်။
- အစုစပ်လုပ်ငန်းမှာ ပါဝင်သူတစ်ဦးချင်းကို အစုစပ်လုပ်ကိုင်သူလို့ခေါ်တယ်။
- လုပ်ငန်းကိုတော့ အစုစပ်လုပ်ငန်းလို့ ခေါ်တယ်။ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်တဲ့အမည်ကို အစုစပ်လုပ်ငန်းအမည်လို့ခေါ်တယ်

0

သေတမ်းစာ စာချုပ်ရေးမည်ဆိုလျှင်


သေတမ်းစာရေးခွင့်ရှိတဲ့ ဘာသာက ဘာသာဝင်တွေသာ သေတမ်းစာရေးခွင့်ရှိတာပါ။
မြန်မာ့ဓလေ့ထုံးတမ်းဥပေဒေအရကတော့ သေတမ်းစာရေးခွင့် မရှိပါ။
တကယ်တော့ သေတမ်းစာဆိုတာ ၄င်းပိုင်ပစ္စည်းတွေကို ဘယ်သူ့ကို ဘယ်လိုခွဲဝေပေးဖို့ဆိုပြီး ဥပဒေနဲ့အညီ စီမံရေးသားထားတဲ့စာတစ်မျိုးပါပဲ။
၁) ရူးသွပ်သူ၊အရွယ်မရောက်သေးသူ မဟုတ်ရင် မိမိပိုင်ပစ္စည်းကိုရေးသားစီမံခန့်ခွဲနိုင်တယ်။
၂) ရူးသွပ်သူတစ်ဦးဟာ ရူးသွပ်တဲ့ဝေဒနာ ပျောက်ကင်းပြီး စိတ်ကောင်းနေတဲ့အချိန်မှာ သေတမ်းစာရေးနိုင်ပါတယ်။
၃)အရက်သေစာ ၊ မမာမကျန်း ၊ အခြားတစုံတရာ အကြောင်းကြောင့် မိမိရေးသားခဲတဲ့ ကိစ္စရပ်တွေကို နားမလည်နိုင်တဲ့ အခြေအနေ ရှိနေသမျှ ကာလပတ်လုံး သေတမ်းစာ ရေးမယ်ဆိုလျှင် သေတမ်းစာအတည်မဖြစ်ပါ။
- သာမန်သေတမ်းစာကို စာနဲ့ရေးပြီး သေတမ်းစာရေးသူကိုယ်တိုင် လက်မှတ်ရေးထိုးရပါမယ်။
- ရေးသားချက်ဟာ ပေးကမ်းသူ ပစ္စည်းပိုင်ရှင် အသက်ထင်ရှားရှိစဉ် ရေးသားပြီး ပေးကမ်းသူ သေဆုံးမှ ပစ္စည်းစီမံခန့်ခွဲဖို့ ရေးသားတာမျိုး ဖြစ်ရ ပါမယ်။တစ်နည်းအားဖြင့် သေတမ်းစာဖြစ်စေဖို့ ရည်ရွယ်ပြီး ရေးတာမျိုး ဖြစ်ရပါမည်။
- သေတမ်းစာမှန်ကန်ကြောင်း သက်သေ အနည်းဆုံး နှစ်ဦး လက်မှတ်ရေးထိုးရပါမယ်။
- သေတမ်းစာမှာ ဘယ်ပစ္စည်းကို ဘယ်လို ခွဲဝေလိုတဲ့အကြောင်း ပါရပါမည်။
- သေတမ်းစာဟာ ပြုလုပ်ရေးသားသူ သေဆုံးချိန်ကစပြီး အကျိုးသက်ရောက်ပါတယ်။
- သေတမ်းစာကို ဘယ်ကာလ မှာမဆို မှတ်ပုံတင်နိုင်ပါတယ်။
- သေတမ်းစာကို မိမိ အသက်ထင်ရှားရှိနေစဉ်ကာလအတွင်း ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်ရေးသားချုပ်ဆိုနိုင်သလို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ပြန်လည်ရုပ်သိမ်း နိုင်ခွင့်ရှိပါတယ်။

2

ကွာရှင်းပြတ်စဲ စာချုပ်ချုပ်မည်ဆိုလျှင်


ကွာရှင်းပြတ်စဲခြင်း စာချုပ်ချုပ်မယ်ဆိုရင် အသင့်ရိုက်နှိပ်ထားတဲ့ စာချုပ် ပုံစံမှာ အလွယ်တကူ ရေးဖြည့်ပြီး ချုပ်ကြတာများပါတယ်။
ဒါပေမယ့် သားရေးသမီးရေးကိစ္စ ပစ္စည်းခန်းကိစ္စတွေ ပါလာရင် ကွာရှင်းစာချုပ် သီးခြားချုပ်ဆိုဖို့လိုအပ်ပါတယ်။
ကလေးကို ဘယ်သူတာဝန်ယူမလဲ ဘယ်သူရဲ့အုပ်ထန်းခွင့်အောက်မှာ ထားမှာလဲ။စည်းကမ်းချက်တွေ ကဘာလဲ။အလားတူ ပစ္စည်းခန်းကိစ္စ ပါလာရင် ဘယ်သူက ဘယ်ပစ္စည်းကို ယူမှာလဲဆိုတာတွေ စာချုပ်မှာ တစ်ပါတည်း ချုပ်ဆိုဖို့လိုပါတယ်။
၁) တရားဝင်ကွာရှင်းပြတ်စဲ စာချုပ်ပြုလုပ်ရေးသားပြီး အာဏာရ တရားသူကြီး ရှေ့မှောက်မှာကွာရှင်းပြတ်စဲလိုတဲ့အကြောင်း လွတ်လွတ်လပ်လပ် ဆန္ဒ ကိုယ်စီ ထုတ်ဖော်ပြီး လက်မှတ်ရေးထိုးကြရပါမည်။
၂) စာချုပ်မှာ ပေါင်းသင်းရန် ဆန္ဒမရှိတော့တဲ့အကြောင်း တိတိကျကျ ဖော်ပြပါရှိရပါမယ်။
၃) အနည်းဆုံး အသိသက်သေနှစ်ဦး ပါဝင်လက်မှတ်ရေးထိုးကြရပါမယ်။
၎) ၂၅ကျပ်တန် စာချုပ်ခေါင်းပေါ်မှာ ချုပ်ဆိုကြရပါမည်။
၅) ပစ္စည်းခွဲဝေတဲ့ကိစ္စပါ စာချုပ်မှာ ပါဝင်ချုပ်ဆိုရင် မရွှ့မပြောင်းနိုင်တဲ့ ပစ္စည်း ကျပ် ၁၀၀ နဲ့ အထက်ဖြစ်ရင် အဲဒီပစ္စည်းခွဲဝေမှု သီးခြားစာချုပ်ပြုလုပ်ရပါမည်။
၆) ထိုစာချုပ်ကို တရားဝင်ဖြစ်ကြောင်း မှတ်ပုံတင်ပြုလုပ်ရပါမည်။

0

ထိမ်းမြားလက်ထပ် စာချုပ်ချုပ်မည်ဆိုလျှင်


တရားရုံးကိုသွားပြီး ကတိလက်ထပ်စာချုပ် ပြုလုပ်ကြတဲ့ဓလေ့ထုံးတမ်း တစ်ရပ်ပေါ်ပေါက်လာတာ ငယ်ရွယ်သူတွေ အချင်းချင်း မေတ္တာမျှကြရာက လူကြီးမိဘမသိအောင် ဒါမှမဟုတ် လူကြီးမိဘ သဘောမတူတာကို အကာအကွယ်ရအောင် ရည်ရွယ်ပြီး ရုံးတက်လက်ထက်ရာက ပေါ်ပေါက်လာတာဖြစ်ပါတယ်။
မြန်မာဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ တရားဝင်ထိမ်းမြားမှုမြောက်ဖို့ အောက်ပါအချက်တွေ လိုအပ်ပါတယ်။
၁) ယောက်ျားဟာ အိမ်ထောင်ပြုဖို့အတွက် ကျန်းမာသန်စွမ်းရပါမယ်။
၂) မိန်းမဟာ မုဆိုးမ ဒါမှမဟုတ် တစ်ခုလပ် တင်လင်ကွာ မဟုတ်ရင် အသက်(၂၀)ပြည့်ရပါမယ်။အသက်(၂၀)မပြည့်သေးဘူးဆိုရင် မိဘဒါမှမဟုတ် အုပ်ထိန်းသူရဲ့ သဘောတူညီချက်ရှိရမယ်။
၃) အကြင်လင်မယားအဖြစ် အိမ်ထောင်ပြုမယ်ဆိုတဲ့ရည်ရွယ်ချက် နှစ်ဦးစလုံးမှာ ရှိရပါမယ်။
၎) နှစ်ဦးစလုံး စိတ်ပေါ့သွပ်သူတွေ မဖြစ်စေရပါ။
၅) မိန်းမမှာ မပြတ်စဲသေးတဲ့ တရားဝင် လင်ယောက်ျား မရှိစေရပါ။
၆) အထင်အရှား ထိမ်းမြား လက်ထပ်မှု မပြုခဲ့လျှင် လင်မယားအဖြစ် လူတိရှင်ကြား ပေါင်းသင်းနေထိုင်မှု ရှိရပါမယ်။
- ၂၅ ကျပ်တန် စာချုပ်ခေါင်းပေါ်မှာ လက်ထပ်ထိမ်းမြားစာချုပ် ရိုက်နှိပ် ရမှာဖြစ်ပါတယ်။ဒါမှမဟုတ် အသင့်ရိုက်နှိပ်ထားတဲ့ စာချုပ်တွေပေါ်မှာလည်းရေးဖြည့်နိုင်ပါတယ်။
- အမည်၊အသက်၊မှတ်ပုံတင်အမှတ် ၊ မိဘအမည် ၊ လူမျိုး ၊ ကိုးကွယ်တဲ့ဘာသာ ၊ အလုပ်အကိုင် ၊ နေရပ်လိပ်စာ တွေကို ဖော်ပြရပါမယ်။
- မိမိတို့ဟာ လွတ်လပ်သူတွေ ဖြစ်ကြတယ်ဆိုတဲ့အချက် ပါရှိရပါမယ်။မိမိတို့နှစ်ဦး တစ်ဦးနဲ့တစ်ဦး မေတ္တာသက်ဝင် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးကြတဲ့အတွက် အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ဖို့ ရည်စူးပြီး ထိမ်းမြားမင်္ဂလာ ကတိသစ္စာပြုလွှာ ပြုလုပ်ကြတယ်ဆိုတဲ့အချက် ပါရှိရပါမယ်။
- အာဏာရ တရားသူကြီးရှေ့မှောက်မှာ ကတိသစ္စာပြုလက်မှတ်ရေးထိုးကြရပါမယ်။
- အသိသက်သေ အနည်းဆုံး(၂)ဦး ပါဝင်လက်မှတ်ရေးထိုးရပါမယ်။
- အကယ်၍ မိန်းကလေးအသက်ဟာ(၁၈)နှစ်ပြည့်ပြီး ပေမယ့် အသက်(၂၀)မပြည့်သေးဘူးဆိုရင် မိဘအုပ်ထိမ်းသူက သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရပါလိမ့်မည်။

0

ကိတ္တိမသား သမီးမွေးစားမယ်ဆိုလျှင်


- အသက်(၁၈)နှစ်ပြည့်ပြီးသူတွေကသာ မွေးစားနိုင်ပါတယ်။
- မွေးစားသူ အိမ်ထောင်ရှိလျှင် အိမ်ထောင်ဖက်ရဲ့ သဘောတူညီမှုလိုပါတယ်။
- မွေးစားခြင်းခံရတဲ့သူဟာ အရွယ်မရောက်သေးသူဖြစ်လျှင် သူရဲ့မိဘ(သို့)အုပ်ထန်းသူတွေရဲ့ သဘောတူညီကြောင်း လက်မှတ်ရေးထိုးရပါမယ်။
- မွေးစားတဲ့သူ နှင့် မွေးစားခံရသူ နှစ်ဦးစလုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်ဖို့လိုပါတယ်
- မွေးစားခြင်းမှာ အမွေစားအမွေခံအဖြစ် မွေးစားကြောင်း စာချုပ်မှာ ပေါ်လွင်ဖို့လိုပါတယ်။

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.