0
မိသားစုဥပဒေပါအကြောင်းအရာများ
Posted by an@w
on
12:29 AM
in
မိသားစုဥပဒေပါအကြောင်းအရာများ
အိမ်ထောင်ရေး အမှုကိစ္စ ဆိုသည်မှာလည်း မိသားစုဥပဒေတွင်ပါဝင်ပါသည်။
(၁) ထိမ်းမြားလက်ထပ်ခြင်း၊
(၂) ကွာရှင်းပြတ်စဲခြင်း၊
(၃) အမွေဆက်ခံခြင်း၊
(၄) အမွေခွဲဝေခြင်း နှင့်
(၅) သားသမီးမွေးစားခြင်း တို့ပါဝင်ပါသည်။
ပုဒ်မ ၁၃(၁)။မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်ဖြစ်ပွားသည့် မည်သည့်တရားမှု သို့မဟုတ် အခြားအမှု၌မဆို အမွေဆက်ခံခြင်းအကြောင်း ၊အမွေခွဲဝေခြင်းအကြောင်း၊လက်ထက်ထိမ်းမြားခြင်းအကြောင်း၊အမျိုးဇာတ်အကြောင်း၊ကိုးကွယ်သည့်ဘာသာတရားနှင့်ဆိုင်သည့် အလေ့အထ သို့မဟုတ် အဖွဲ့အစည်းအကြောင်း တစုံတရာကိုရုံးတော်က စီရင်ဆုံးဖြတ်ရန်ရှိသည့် အခါ အမှုသည်များမှာ-
(က)ဗုဒ္ဓဘာသာဖြစ်လျှင် ဗုဒ္ဓဘာသာတရားဥပဒေ
(ခ)မဟာမေဒင်ဖြစ်လျှင် မဟာမေဒင်တရားဥပဒေ
(ဂ)ဟိန္ဒူဖြစ်လျှင် ဟိန္ဒူတရားဥပဒေသည် စီရင်ဆုံးဖြတ်ရာ လိုက်နာမည့် တရားဥပဒေများ ဖြစ်စေရမည်။
သို့သော် ယင်းတရားဥပဒေများကို ပြဋ္ဌာန်းသော ဥပဒေတစုံတရာအရ ပြောင်းလဲပြင်ဆင်(သို့)နုတ်သိမ်းလျှင်၎င်း၊ယင်းတရားဥမဒေများမှာ တရားဥပဒေကဲ့သို့အတည်ဖြစ်သော ထုံးစံဓလေ့ တစုံတရာနှင့်ဆန့်ကျင်လျှင်၎င်း ယင်းတရားဥပဒေများကိုမလိုက်နာရဟုဆိုထားသည်။

Post a Comment