0

ဓလေ့ထုံးတမ်းဥပဒေ

Posted by an@w on 12:35 AM in
”ဥပဒေအစ ဓလေ့ထုံးတမ်းက”ဟု ဆိုရိုးစကားတရပ်ရှိပါသည်။
ဓလေ့ထုံးတမ်းဟူသည် နေ့ချင်း ညချင်း အင်္ဂါအစုံအလင်ပေါ်ပေါက်လာသည်မဟုတ် ရပ်ရွာ၊မြို့နယ် တွင်း တွင် လူလူချင်း ကူးလူးဆက်ဆံခြင်းမှ ကြုံသလို လိုအပ်သလို ပေါက်ဖွားပေါ်ထွက်လာ၍ ကြာမြင့် သောအခါ အများက ကိုယ်ကျင့်တရားသဖွယ် လက်ခံကျင့်သုံး လာကြသည့်စည်းကမ်းများသည် ဓလေ့ထုံးတမ်းများဖြစ်လာကြသည်။
တဖန် ”ဓလေ့ထုံးတမ်းဥပဒေဆိုသည်မှာလည်း ဥပဒေဟူ၍ သီးသီးခြားခြား ရပ်တည်သည် မဟုတ် တိုင်းရင်းသားများ၏ ရာဇ၀င်၊ ကိုးကွယ်ယုံကြည်မှု၊ အိမ်ထောင်ရေး၊ လူနေမှု၊ သီချင်း၊ ပုံပြင်စသည့်တို့နှင့်
ရောယှက်နေသဖြင့် ယင်းတို့မှ ထုတ်ယူပေါင်းစပ်မှသာ လူလူချင်းဆက်ဆံခြင်း၏စည်းကမ်း ကျင့်ဝတ် များဖြစ်သော ဓလေ့ထုံးတမ်း ဥပဒေများရုပ်လုံးပေါ်လာသည်။
ခေတ်နှင့် မလျော်သော စည်းကမ်းတို့သည် တစတစ တိမ်မြုတ် ပျောက်ကွယ်သွားကုန်ပြီး၊ ဓလေ့ထုံးတမ်းဥပဒေ သည်ဟောင်းနွမ်းနေသည်၊ ခေတ်မမှီသည်ဟူ၍မရှိပေ။
ထို့ကြောင့် ဓလေ့ထုံးတမ်းဥပဒေသည်ပြဋ္ဌာန်း ဥပဒေကဲ့သို့ရေးထားသောဥပဒေ(Written Law) မဟုတ်၊ ရေးမထားသောဥပဒေ(Unwritten Law)ဖြစ်ပါသည်။

0 Comments

Post a Comment

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.