0
မွေးစားစာချုပ် ချုပ်မည်ဆိုလျှင်
Posted by an@w
on
11:17 PM
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီး မွေးစားခြင်း သုံးမျိုးရှိပါသည်။
၁) ကိတ္တိမ
ကိတ္တိမဆိုတာ အမွေခံသားအဖြစ် အထင်အရှားမွေးတဲ့သားဖြစ်ပါသည်။
ကိတ္တိမသားတွေကို မှတ်ပုံတင်စာချုပ်ချုပ်ပြီးမှ မွေးရပါတယ်။ဒါမှ တရားဝင်မှာ ဖြစ်ပါတယ်။
၂) အပတိဌ
အပတိဌ သားသမီး တွေကို ဓမ္မသတ်တွေမှာ ကောက်၍မွေးတဲ့သား လို့ဖော်ပြထားပါတယ်။
အပတိဌသားသမီးတွေက ကိတ္တိမ သားသမီးတွေလို မိဘအမွေကို ဆက်ခံဖို့ ရည်စူးပြီး မွေးစားတာမျိုး မဟုတ်ဘဲ အမှတ်တမဲ့မွေးစားတဲ့ မွေးစားသားသမီးတွေသာဖြစ်ပါတယ်။
၃) ဆာတဘတ္ထ
ဆာတဘတ္ထ သားသမီး တွေကတော့ ထမင်းငတ်မွတ်တဲ့အခါမှာ မှီခိုလာတဲ့သား ၊ လေလွင့်ငတ်မွတ်နေသူကို မွေးစားမိဘက သနားလို့ခေါ်ယူကျွေးမွေးခြင်းမျှသာ ဖြစ်ပါတယ်။ဘာအခွင့်အရေးမှ မရှိပါ၊ မရပါ။
Post a Comment