0

ပေးကမ်းခြင်းစာချုပ်ချုပ်မယ်ဆိုလျှင်


စိန်ရွှေ အစရှိတဲ့ရွှေ့ပြောင်းနိုင်တဲ့ပစ္စသည်း တွေကို ပေးကမ်းတဲ့နေရာမှာ စာချုပ်ချုပ်ပြီးပေးလို့လည်းရသလို စာချုပ်မချုပ်ဘဲ ပေးလို့လဲရပါတယ်။
မြေအိမ် စတဲ့မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်း တစ်စုံတစ်ရာကိုပေးကမ်းမယ်ဆိုရင်တော့ ပေးကမ်းခြင်းစာချုပ် ပြုလုပ်ရတယ်။
ပေးကမ်းခြင်းစာချုပ် ဟာအောက်ပါအတိုင်း ဖြစ်ရပါမယ် -
၁) စာချုပ်စာတမ်း ပြုလုပ်ရပါမယ်။
၂) အနည်းဆုံး သက်သေနှစ်ယောက် လက်မှတ်ရေးထိုးရပါမယ်။
၃) အလိုအလျောက်ဖြစ်ပေါ်လာတဲ့ မေတ္တာသက်ဝင်မှုအရ ပေးတာ ဖြစ်ရမယ်။
၎) ပစ္စည်းရသူ (သို့) ပစ္စည်းရသူရဲ့ကိုယ်စားလှယ်က ပစ္စည်းပေးကမ်းတာကို သဘောတူတဲ့အကြောင်း လက်ခံတဲ့အကြောင်း ဖွင့်ဟ ၀န်ခံပြီး လက်မှတ်ရေးထိုးရပါမယ်။
၅) စာချုပ်ကို ရေစစ္စရီမှတ်ပုံတင် ပြုလုပ်ရပါမယ်။
စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်း အလုံ အလောက် နဲ့ စာချုပ်နဲ့ ရေးသားချုပ်ဆို ရပါတယ်။အဆိုပါစာချုပ်ကို မှတ်ပုံတင်ရပါမယ်။
- ပေးကမ်းခြင်းခံရသူက ပေးကမ်းခြင်းကို လက်ခံသဘောတူကြောင်း ဖော်ပြပါရှိရပါမယ်။
- ပေးကမ်းတဲ့ပစ္စည်း စာရင်းဇယား ဖော်ပြပါရှိရပါမယ်။
- ဆိုင်ရာက ထုတ်ပေးတဲ့ ပစ္စည်းတည်ရှိရာမြေပုံ မြေရာဇ၀င် ပူးတွဲ ပါရှိရပါမယ်။
- ပေးကမ်းသူပိုင်ဆိုင်ကြောင်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ပူးတွဲဖော်ပြ ပါရှိရပါမယ်။
- ပေးကမ်းစဉ်မှာ ပေးသူအနေနဲ့ အသက်ရှင်လျက်ရှိပြီးမှ ပေးနိုင်ခွင့် ရှိပါတယ်။
- လက်ခံသူအနေနဲ့လည်း အသက်ရှင်ဆဲ လက်ခံနိုင်တယ်။ သေဆုံးမှ ဆိုရင် ပေးကမ်းခြင်း ပျက်ပြယ်ပါတယ်။
- အနာဂတ် ပစ္စည်းကို ပေးကမ်းခြင်း မပြုနိုင်ပါ။
- အပေးခံရသူဟာ တစ်ဦးထက်ပိုနေပြီး တစ်ဦးက ပေးကမ်းတာကို လက်မခံရင် လက်မခံသူအတွက်သာ ပေးကမ်းခြင်း ပျက်ပြယ်ပြီး ကျန်လက်ခံ သူတွေအတွက် ပေးကမ်းခြင်း အတည်ဖြစ်ပါသည်။
- ပေးသူပိုင် ပစ္စည်းအားလုံးကို ပေးတာဆိုရင် ပေးစဉ်ခါက ပေးသူမှာ တင်ရှိနေတဲ့ ကြွေးမြီအားလုံးအတွက် ပေးတဲ့ပစ္စည်းနဲ့အညီ လက်ခံသူအပေါ်မှာ တာဝန်ရှိပါတယ်။

0 Comments

Post a Comment

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.