0

ကိတ္တိမသား သမီးအဖြစ် ပယ်ဖျက်လိုလျှင်


- ကိတ္တိမအဖြစ် မွေးစားထားပြီးဖြစ်တဲ့ မွေးစားမိဘတွေအနေနဲ့ မွေးစားခြင်းကို သူတို့ရဲ့ဆန္ဒ တစ်ခုတည်းနဲ့ မပယ်ဖျတ်နိုင်ပါ။မွေးစားသားသမီးရဲ့သဘောတူညီချက် မရဘဲ မွေးစားခြင်းကို မပယ်ဖျတ်နိုင်ဆိုတဲ့သဘောပါ။
- မွေးစားသူ ရဟန်းဘောင်ဝင်သွားရင် မွေးစားခြင်း ပျက်ပြယ်ပါသည်။
- ရဟန်းပြုသူလူထွက်က ထပ်မံမွေးစားနိုင်ပါတယ်။
- ထပ်မံမွေးစားတာမျိုးမလုပ်ရင် မွေးစားသားသမီးအဖြစ်ပြန်မရပါ။
- မိရင်းဘရင်းတွေ အနေနဲ့ မွေးစားတဲ့ကလေး အရွယ်မရောက်မီပြန်ခေါ်ယူနိုင်ခွင့်ရှိပါတယ်
- မွေးစားတဲ့ မိဘတွေအနေနဲ့ မွေးစားတဲ့ သားသမီးရဲ့ မိရင်းဖရင်း နည်းတူ သူတစ်ပါးကို မွေးစားဖို့ ထပ်ဆင့်ပေးနိုင်ပါတယ်။

0

ကိတ္တိမသားသမီး နှင့် သားရင်းသမီးရင်း ကွာခြားမှု


၁) ကိတ္တိမမွေးစားသားသမီးတွေဟာ ဘယ်အကြောင်းနဲ့မှ သြရသ အဖြစ် မရနိုင်ပါ။
၂) မွေးစားတဲ့မိဘတွေအနေနဲ့ ဗုဒ္ဓဘာသာကိုစွန့်ပြီးခရစ်ယာန်ဘာသာ ဒါမှမဟုတ် သားသမီးမွေးစားတာကို အသိအမှတ်မပြုတဲ့ အခြားသာသာကို ကူးပြောင်းရင် ကိတ္တိမမွေးစားသားသမီးတွေရဲ့ အမွေခံစားခွင့် ဆုံးရှုံးတယ်။
၃) မွေးစားတဲ့မိဘတွေဟာ သူတို့ရဲ့ မိဘတွေထံက အမွေဆက်ခံခွင့်ရှိပေမယ့် ပစ္စည်းလက်ရောက် မရသေးမီ သေဆုံးရင် ကိတ္တိမ သားသမီးတွေဟာ အမွေပစ္စည်းရဲ့ တစ်ဝတ်ကိုသာ ရခွင့်ရှိတယ်။
ကျန်တစ်ဝတ်ကို မွေးစားမိဘရဲ့ သားချင်းတွေကရတယ်။

0

မွေးစားစာချုပ် ချုပ်မည်ဆိုလျှင်

Posted by an@w on 11:17 PM

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သားသမီး မွေးစားခြင်း သုံးမျိုးရှိပါသည်။
၁) ကိတ္တိမ
ကိတ္တိမဆိုတာ အမွေခံသားအဖြစ် အထင်အရှားမွေးတဲ့သားဖြစ်ပါသည်။
ကိတ္တိမသားတွေကို မှတ်ပုံတင်စာချုပ်ချုပ်ပြီးမှ မွေးရပါတယ်။ဒါမှ တရားဝင်မှာ ဖြစ်ပါတယ်။
၂) အပတိဌ
အပတိဌ သားသမီး တွေကို ဓမ္မသတ်တွေမှာ ကောက်၍မွေးတဲ့သား လို့ဖော်ပြထားပါတယ်။
အပတိဌသားသမီးတွေက ကိတ္တိမ သားသမီးတွေလို မိဘအမွေကို ဆက်ခံဖို့ ရည်စူးပြီး မွေးစားတာမျိုး မဟုတ်ဘဲ အမှတ်တမဲ့မွေးစားတဲ့ မွေးစားသားသမီးတွေသာဖြစ်ပါတယ်။
၃) ဆာတဘတ္ထ
ဆာတဘတ္ထ သားသမီး တွေကတော့ ထမင်းငတ်မွတ်တဲ့အခါမှာ မှီခိုလာတဲ့သား ၊ လေလွင့်ငတ်မွတ်နေသူကို မွေးစားမိဘက သနားလို့ခေါ်ယူကျွေးမွေးခြင်းမျှသာ ဖြစ်ပါတယ်။ဘာအခွင့်အရေးမှ မရှိပါ၊ မရပါ။

0

ပေးကမ်းခြင်းစာချုပ်ချုပ်မယ်ဆိုလျှင်


စိန်ရွှေ အစရှိတဲ့ရွှေ့ပြောင်းနိုင်တဲ့ပစ္စသည်း တွေကို ပေးကမ်းတဲ့နေရာမှာ စာချုပ်ချုပ်ပြီးပေးလို့လည်းရသလို စာချုပ်မချုပ်ဘဲ ပေးလို့လဲရပါတယ်။
မြေအိမ် စတဲ့မရွှေ့ မပြောင်းနိုင်တဲ့ပစ္စည်း တစ်စုံတစ်ရာကိုပေးကမ်းမယ်ဆိုရင်တော့ ပေးကမ်းခြင်းစာချုပ် ပြုလုပ်ရတယ်။
ပေးကမ်းခြင်းစာချုပ် ဟာအောက်ပါအတိုင်း ဖြစ်ရပါမယ် -
၁) စာချုပ်စာတမ်း ပြုလုပ်ရပါမယ်။
၂) အနည်းဆုံး သက်သေနှစ်ယောက် လက်မှတ်ရေးထိုးရပါမယ်။
၃) အလိုအလျောက်ဖြစ်ပေါ်လာတဲ့ မေတ္တာသက်ဝင်မှုအရ ပေးတာ ဖြစ်ရမယ်။
၎) ပစ္စည်းရသူ (သို့) ပစ္စည်းရသူရဲ့ကိုယ်စားလှယ်က ပစ္စည်းပေးကမ်းတာကို သဘောတူတဲ့အကြောင်း လက်ခံတဲ့အကြောင်း ဖွင့်ဟ ၀န်ခံပြီး လက်မှတ်ရေးထိုးရပါမယ်။
၅) စာချုပ်ကို ရေစစ္စရီမှတ်ပုံတင် ပြုလုပ်ရပါမယ်။
စာချုပ်ချုပ်ဆိုတဲ့နေရာမှာ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်း အလုံ အလောက် နဲ့ စာချုပ်နဲ့ ရေးသားချုပ်ဆို ရပါတယ်။အဆိုပါစာချုပ်ကို မှတ်ပုံတင်ရပါမယ်။
- ပေးကမ်းခြင်းခံရသူက ပေးကမ်းခြင်းကို လက်ခံသဘောတူကြောင်း ဖော်ပြပါရှိရပါမယ်။
- ပေးကမ်းတဲ့ပစ္စည်း စာရင်းဇယား ဖော်ပြပါရှိရပါမယ်။
- ဆိုင်ရာက ထုတ်ပေးတဲ့ ပစ္စည်းတည်ရှိရာမြေပုံ မြေရာဇ၀င် ပူးတွဲ ပါရှိရပါမယ်။
- ပေးကမ်းသူပိုင်ဆိုင်ကြောင်း ပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထား ပူးတွဲဖော်ပြ ပါရှိရပါမယ်။
- ပေးကမ်းစဉ်မှာ ပေးသူအနေနဲ့ အသက်ရှင်လျက်ရှိပြီးမှ ပေးနိုင်ခွင့် ရှိပါတယ်။
- လက်ခံသူအနေနဲ့လည်း အသက်ရှင်ဆဲ လက်ခံနိုင်တယ်။ သေဆုံးမှ ဆိုရင် ပေးကမ်းခြင်း ပျက်ပြယ်ပါတယ်။
- အနာဂတ် ပစ္စည်းကို ပေးကမ်းခြင်း မပြုနိုင်ပါ။
- အပေးခံရသူဟာ တစ်ဦးထက်ပိုနေပြီး တစ်ဦးက ပေးကမ်းတာကို လက်မခံရင် လက်မခံသူအတွက်သာ ပေးကမ်းခြင်း ပျက်ပြယ်ပြီး ကျန်လက်ခံ သူတွေအတွက် ပေးကမ်းခြင်း အတည်ဖြစ်ပါသည်။
- ပေးသူပိုင် ပစ္စည်းအားလုံးကို ပေးတာဆိုရင် ပေးစဉ်ခါက ပေးသူမှာ တင်ရှိနေတဲ့ ကြွေးမြီအားလုံးအတွက် ပေးတဲ့ပစ္စည်းနဲ့အညီ လက်ခံသူအပေါ်မှာ တာဝန်ရှိပါတယ်။

0

၂) ဂြိုလ်ပြေနာမ်ပြေ ကွာရှင်းပြတ်စဲခြင်း

မြန်မာဗုဒ္ဓဘာသာများတွင် ဗေဒင်ကိန်းခန်းကို ယုံစားသူများလည်းရှိပါသည်။လင်မယားတဦးဦး မကျန်းမာလျှင်(သို့) စီးပွားရေး အဆင်မပြေလျှင် ဗေဒင်ယုံစားသူများသည် ဗေဒင်မေးလေ့ရှိပါသည်။ဗေဒင်ဆရာက လင်မယားကွဲကန်းကြုံနေသည် ကျိန်းကျေအောင် ယတြာချေသည့်အနေဖြင့် လင်မယား ဟန်ဆောင်ကွာရမည် စသည်ဖြင့် ဟော၍ စတိဖြစ် လင်မယား ဟန်ဆောင်ကွာလျှင် ယင်းကွာရှင်းခြင်းကို ” ဂြိုလ်ပြေနံပြေ ကွာရှင်းခြင်း ” ဟုခေါ်ပါသည်။
ထိုသို့ကွာရှင်းခြင်းသည် ဓမ္မသတ်များတွင် မပါရှိပါ။သို့သော် တရားရုံးများ အနေနှင့် နားလည်လက်ခံပါသည်။
သို့သော် ဟန်ဆောင်ထိမ်းမြားခြင်း အရှက်ပြေထိမ်းမြားခြင်း တို့ကိုမူ ခွင့်မပြုပါ။

0

၁) နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ တရားဝင် လင်မယား မြောက်ရန် အဓိကလိုအပ်ချက်သည် ထမ်းမြားသူနှစ်ဦး၏ ဆန္ဒတူညီမှု ဖြစ်ပါသည်။ထိုနည်းတူ လင်မယားတရားဝင် ကွာရှင်းပြတ်စဲရေးတွင်လည်း လင်နှင့် မယားတို့၏ ဆန္ဒတူညီမှုသည် အဓိက လိုအပ်ချက်ဖြစ်ပါသည်။
ဥပမာ - လင်မယား စကားများပီး အိမ်ကဆင်းသွားသည့် မယားထံ လင်က ဘယ်နေ့ဘယ်ရက် ပြန်မလာရင် မင်းနှင့်ငါ ပြတ်ပြီလို့မှတ်လိုက် ဟုစာရေးပါမည်။မယားကလည်း ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင် မယ်ဆိုပြီး ရှင်ပြတ်လဲ ကျမကလဲပြတ်တာပေါ့ဟု စာပြန်ရေး သည့်ကိစ္စ သည်နှစ်ဦး သဘောတူကွာရှင်းပြတ်စဲရာ မရောက်ပါ။စာမှာ ဒေါသအလျောက် ရေးသားကြောင်း ထင်ရှားလျှင် ကွာရှင်းပြတ်စဲ ခြင်းသည် မခိုင်လုံပါ။
ထို့နည်းတူပင် မိန်းမရူးနေစဉ် ယောက်ျားက ပြတ်စဲလိုကြောင်း စာပေးလျှင်လဲ လင်မယားအရာ မပြတ်နိုင်ပါ။
အကြောင်းမှာ ရူးနေသူသည် ပဋိညာဉ်မပြုနိုင်၍ ဖြစ်ပါသည်။

1

ကွာရှင်းပြတ်စဲခြင်း


ကွာရှင်းပြတ်စဲခြင်း တွင်
၁) နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခြင်း
၂) ဂြိုလ်ပြေနာမ်ပြေ ကွာရှင်းပြတ်စဲခြင်း
၃) အိမ်ထောင်ရေးပြစ်ချက်ကြောင့် ကွာရှင်းပြတ်စဲခြင်း
၎) အိမ်ထောင်ရေး ပြစ်ချက်မရှိဘဲ တဖတ်သတ် ကွာရှင်းပြတ် စဲခြင်း
၅) ကံမစပ်၍ ကွာရှင်းပြတ်စဲခြင်း
တို့ ပါဝင်ပါသည်။

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.